အမှတ်တရဖြစ်စေတော့မည့် ကုန်အမှတ်တံဆိပ် စီရင်ထုံးများ

ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ခွင့်-ဦးစွာစတင်အသုံးပြုသူကပိုင်ဆိုင်ခြင်း

ကုန်အမှတ်တံဆိပ်ကို ဦးစွာစတင်အသုံးပြုခြင်းဖြင့်တံဆိပ်နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို ရရှိနိုင်ခြင်း၊ ဦးကျော် နှင့် ဦးဘအေးအမှု (၁၉၆၂ မတစ ၁၈၇)တွင်ကြည့်ပါ။ 

မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ ဥပဒေပြဌာန်းချက်မရှိပေ။

သို့ရာတွင် ကုန်အမှတ်တံဆိပ်ကို အသုံးပြုခြင်းဖြင့် တံဆိပ်နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် သို့မဟုတ် အခွင့်အရေးကိုရရှိနိုင်သည်။

ဦးကျော်နှင့် ဦးဘအေးအမှု (၁၉၆၂ မတစ ၁၈၇)တွင် ကြည့်ပါ။ 

တရားလိုကုမ္ပဏီသည် နမ်ယမ်ဆင်ကြယ် ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်၍ ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့ရာ တရားပြိုင်ကုမ္ပဏီအနေဖြင့် ယင်းကုန်အမှတ်တံဆိပ်ကို တုပရောင်းချခွင့်မရှိပေ။ 

ထိုတုပထားသော ကုန်အမှတ်တံဆိပ်ကို တရားလိုစွဲဆိုသည့်အတိုင်းပယ်ဖျက်ပြီး၊ တရားလို၏ကုန်အမှတ်တံဆိပ်ကို ဆင်တူရိုးမှားပင်ဖြစ်စေ တုပထုတ်လုပ်ခြင်းမပြုရန်အတွက် ထာဝရတားဝရမ်းထုတ်ဆင့်ရန် ဒီကရီချပေးနိုင်သည်။

[ Nanyang Industry Ltd.(ယင်းတာဝန်ခံကိုယ်စားလှယ်ဦးစန်းဦး)နှင့် Gold Asia Rubber Manufacturing၊ ၂၀၀၅ ခုနှစ်၊ တရားမအထူးအယူခံမှုအမှတ်-၄၈၊ (၃-ပါးစုံညီ) (ရန်ကုန်) (၁၄-၁၀-၂၀၀၅)။ ] 


By:

Minn Tayzar Nyunt Tin





Comments