အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အမေး(၁၀၀)


(၁) အသိဉာဏ်ပစ္စည်းဆိုတာဘာလဲ?

အသိဉာဏ်ပစ္စည်းဆိုတာလူသားတို့ရဲ့ဦးနှောက်ထုတ်ကုန်တစ်မျိုးပါ၊

စဉ်းစားဆင်ခြင်တုံတရားရှိတဲ့လူသားတို့ရဲ့ဦးနှောက်ကိုအသုံးပြုပြီးပေါ်ပေါက်လာတဲ့တီထွင်မှု့တွေ၊ဖန်တီးရေးသားမှုတွေ၊စပ်ဆိုသီကုံးဖွဲ့မှုတွေ၊စတဲ့အနုပညာနယ်ပယ်၊စက်မှုနယ်ပယ်၊ကုန်သွယ်မှုနယ်ပယ်စတဲ့နယ်ပယ်အသီးသီးကလူသားအကျိုးပြုပစ္စည်းများလို့လည်းတနည်းဆိုကဆိုနိုင်ကြောင်းပါ၊

နိုင်ငံတကာအသုံးအနှုန်းကတော့ ( Intellectual Property ) လို့သုံးနှုန်းပြီးအတိုကောက်အားဖြင့်တော့ (IP)လို့ခေါ်ကြောင်းပါ၊

(၂)အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုတာဘာလဲ?

လူသားဦးနှောက်ထုတ်ကုန်တွေဖြစ်တဲ့တီထွင်မှု့တွေ၊စာပေနှင့်အနုပညာဖန်တီးမှု့တွေ၊ ရှာဖွေတွေ့ရှိချက်တွေ၊စတဲ့ဉာဏပစ္စည်းတွေကိုတီထွင်ဖန်တီးသူများအတွက်၊စီးပွားရေးအကျိုးအမြတ်အရဖြစ်စေ၊ဂုဏ်သိက္ခာဆိုင်ရာ

ကျင့်ဝတ်ဆိုင်ရာအရဖြစ်စေ မူပိုင့်ခွင့်ဥပဒေအရပြဋ္ဌာန်းသတ်မှတ်ချက်ဖြစ်ပါတယ်၊နိုင်ငံတကာအသုံးအနှုန်းအရတော့ ( Intellectual Property Rights ) အတိုကောက်အားဖြင့် IPRs လို့ခေါ်ဝေါ်ပါတယ်

(၃) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကိုဘာကြောင့်အကာကွယ်ပေးကြသလဲ?

စောစောကဆိုခဲ့တဲ့အတိုင်းပါဘဲလူသားဦးနှောက်ထုတ်ကုန်ဖြစ်တဲ့(IP)ကိုနိုင်ငံတကာမှာဥပဒေတွေ၊ကွန်ဗင်းရှင်းတွေ၊ချာတာတွေ၊ခြေပြစာချုပ်တွေနဲ့အကာကွယ်ပေးထားကြပါတယ်၊

ဘာကြောင့်အကာကွယ်ပေးရသလဲဆိုရရင်၊သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့လူသားများအနေနဲ့တီထွင်ဖန်တီးလိုစိတ်တွေကိုဥပဒေအရအကာကွယ်ပြုပြီးအားပေးခြင်းလို့ဆိုနိုင်ပါတယ်၊

ဒီလိုဥပဒေအရအကာအကွယ်ပေးထားတော့တီထွင်လိုစိတ်ဖန်တီးလိုစိတ်တွေရှိလာမယ်၊တီထွင်ဖန်တီးခြင်းကြောင့်ထုတ်ကုန်သစ်တွေ၊အမယ်သစ်တွေပေါ်ထွက်လာမယ်၊ပေါ်ထွက်လာရင်တစ်ဦးချင်းတစ်ဖွဲ့ချင်းစီးပွားရေးရေချိန်မြင့်ရာကနိုင်ငံတော်ရဲ့စီးပွားရပ်ဝန်းပါမြင့်တက်လာလို့ဖြစ်ပါတယ်.ဒါ့အပြငဥပဒေနဲ့မူပိုင်ခွင့်ကိုအကာအကွယ်ပေးခြင်းကြောင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု့တွေရဲရဲကြီးဝင်လာမယ်နိုင်ငံဂုဏ်သိက္ခာပါမြင့်တက်လာနိုင်တာကြောင်းပါ၊

(၄)အသိဉာဏ်ပစ္စည်းတွေမှာဘာတွေပါလဲ

အသိဉာဏ်ပစ္စည်း (IP ) တနည်းအားဖြင့်လူသားဦးနှောက်ထုတ်ကုန်မှာအခြေခံအားဖြင့်(၄)မျိုးပါဝင်ပေါင်းစပ်ထားပါတယ်

အဲဒါတွေက

( ၁ ) ကုန်သွယ်မှု့ဆိုင်ရာအမှတ်တံဆိပ်များ( Trade Related Mark )

( ၂ ) တီထွင်မှု့( Patent )

( ၃ ) စာပေနှင့်အနုပညာ (Copyrights)

( ၄ ) စက်မှုဒီဇိုင်း (Industrial Design)တွေဖြစ်ကြပါတယ်

 (၅) ကုန်သွယ်မှုဆိုင်ရာအမှတ်တံဆိပ်ဆိုတာဘာလဲ?

အလွန်ရိုးရှင်းစဉ်းစားဖြေရရင်ကုန်သွယ်မှု့ ( Trade )နဲ့ဆိုင်တဲ့တံဆိပ်တွေဖြစ်လို့(Trade Related mark ) ကုန်သွယ်မှု့ဆိုင်ရာအမှတ်တံဆိပ်များလို့ဆိုရမှာပါကုန်သွယ်မှု့ဆိုင်ရာအမှတ်တံဆိပ်များ ( Trade Related Marks) များဖြစ်လို့ရောင်းရေးဝယ်တာကိစ္စတွေဝန်ဆောင်မှု့ဆိုင်ရာကိစ္စရပ်တွေမှာ အကျုံးဝင်တဲ့

       (၁) ကုန်အမှတ်တံဆိပ် ( Trademark )

       (၂) ဝန်ဆောင်မှု့အမှတ်တံဆိပ် (Service Mark )

       (၃) ဒေသရပ်ဝန်းအညွှန်း ( Geographical Indication )  များပါဝင်တယ်လို့ယေဘူယျမှတ်ထားပေးပါ

(၆) ကုန်အမှတ်တံဆိပ်ဆိုတာဘာလဲ?

ကုန်အမှတ်တံဆိပ်လို့ဆိုကတည်းကကုန်ပစ္စည်းနဲ့သက်ဆိုင်တဲ့တံဆိပ်အမှတ်အသားလိုဘဲဆိုရမယ်

ဒါကြောင့်ကုန်ပစ္စည်း ( Goods )များနဲ့သာသက်ဆိုင်ပါတယ်၊ Service လို့ခေါ်တဲ့ဝန်ဆောင်မှု့များနဲ့သက်ဆိုင်မှု့မရှိပါဘူး

တစ်ချို့သောတံဆိပ်များဟာကုန်ပစ္စည်း ( Goods )သာမက Service (ဝန်ဆောင်မှု့) များအတွက်လည်း သက်ဆိုင်နေတာတွေ့ရမှာပါ၊ ဥပမာအားဖြင့် Samsung Service Center , Nokia Service Center , Toyota Service Center စတာတွေဖြစ်ပါတယ်၊ 

(၇) ကုန်အမှတ်တံဆိပ်ရဲ့ကျန်အင်လက္ခဏာများကဘာလဲ?

 ဒီနေရာမှာတော့ကုန်အမှတ်တံဆိပ်ရော၊ဝန်ဆောင်မှု့အမှတ်တံဆိပ်တွေကိုရောပြီးရှင်းပါမယ်၊

ကုန်သွယ်မှု့နယ်ပယ်၊ အရောင်းအဝယ်နယ်ပယ်မှာကိုယ့်ရဲ့အမှတ်တံဆိပ်ဟာကိုယ့်နဲ့လုပ်ငန်းတူ၊ထုတ်ကုန်တူတွေကြားမှာ မြင်သာထင်သာရှိရပါမယ်၊ 

ဒါကို IP စကားအရဆိုရင် ( Distinctive sign ) တယ်လို့သုံးစွဲပါတယ်၊ 

ဒါ့အပြင်ကိုယ့်အမှတ်အသားဟာခေါ်ဝေါ်ရလွယ်ကူရပါမယ် ( easy to pronoun) ,စာလုံးပေါင်းလွယ်ကူရပါမယ် ( easy to spell ) နောက်ပြီးကိုယ့်ဝန်ဆောင်မှု့ဒါမှမဟုတ်ကုန်ပစ္စည်းဟာကမ္ဘာ့ရွာမှာရှင်သန်စီးမျောနိုင်ဖို့တစ်ခြားသောနိုင်ငံတွေရဲ့ဘာသာ၊ယဉ်ကျေးမှု့၊ဓလေ့တွေနဲ့လိုက်လျောညီထွေရှိရပါမယ်၊

ကိုယ့်နိုင်ငံမှာကိုယ့်တံဆိပ်ဟာအလွန်တရာထင်ရှားနေပေမဲ့ တစ်ခြားသောနိုင်ငံမှာတော့ရုန်းရင်းကြမ်းတမ်းတဲ့စကားဖြစ်နေရင်ဈေးကွက်ထိုးဖောက်ဖို့မလွယ်ကူပါဘူး။

အနှစ်ချုပ်ရရင်ကိုယ်ရယ်၊ကိုယ်ပြိူင်ဖက်တွေရယ်ကို၊ပရုတ်လုံးလေးတွေလို့တွေးကြည့်ပါ၊ပရုတ်လုံးတွေရဲ့ယေဘူယျ ရုပ်သွင်ကအဖြူရောင်ဖြစ်ပါတယ်၊ဒီအဖြူရောင်ပရုတ်လုံးလေးတွေကြားမှာကိုယ့်ပရုတ်လုံးလေးတနည်းအားဖြင့်ကိုယ့်လုပ်ငန်း၊ကိုယ့်ထုတ်ကုန်ဟာ အဝါရောင်ပရုတ်လုံးလေးဖြစ်နေဖို့ပါ၊

ဒါကြောင့်တစ်ခြားအများသူဌာရဲ့တံဆိပ်တွေကို သံတူကြောင်းကွဲ၊ပုံစံတူ၊ဆင်တူရိုးမှာလုပ်တာဟာတစ်ချိန်ချိန် အောင်မြင်လာရင် အသင်လူသား၊သင်ဟာနောင်တရသွားနိုင်ပါတယ်။


By:


Minn Tayzar Nyunt Tin


 

Comments