အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် မက်ခရိုစီးပွားရေး ဖွံ့ဖြိုးရေး (၂)



အသိဉာဏ်ပစ္စည်းဟုဆိုရာတွင် အသိဉာဏ်နှင့် ဆင်ခြင်တုံတရားရှိသော လူသားတို့၏ လူသားတို့ အကိုျးအတွက်၎င်းတို့၏ ဉာဏ်ပညာ၊ အတွေ့အကြံ၊ အချိန်၊ ငွေကြေး၊ စသည်တို့ကို အသုံးချလျှက် တီထွင်ဖန်တီးထားသည့် ကိုင်တွယ်၍ရသော ပစ္စည်းနှင့် ကိုင်တွယ်၍မရသောပစ္စည်းများအား ဥပဒေပြဌာန်းလျှက် ဥပဒေပါပြဌာန်းချက်များနှင့်အညီ တီထွင်ဖန်တီးသူတို့၏ စီးပွားရေးဆိုင်ရာ အခွင့်အရေး (Economy Rights) နှင့် ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေး (Moral Rights) တို့အား အကာအကွယ်ပေးခြင်းကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဟုခေါ်ပါသည်။ 

အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များ -

(၁)ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ်ဆိုင်ရာအခွင့်အရေးများ

(Trademark and Service Mark)

(၂) တီထွင်မှုဆိုင်ရာအခွင့်အရေးများ

(Patent Rights)

(၃) စက်မှုဒီဇိုင်းဆိုင်ရာအခွင့်အရေးများ

(Industrial Design Rights)

(၄) စာပေနှင့် အနုပညာဆိုင်ရာ အခွင့်အရေးများ (Copyrights) ပါဝင်သည်ဟု သတ်မှတ်နိုင်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်တစ်ခုဖြစ်သည့်အားလျော်စွာ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် လိုက်နာဖော်ဆောင်ရမည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူဘောင်သဘောတူညီချက် Asean Framework Agreement on Intellectual Property တစ်ရပ်ရှိပါသည်။

ထို့အပြင် အာဆီယံစီးပွါးရေးအသိုက်အဝန်း (Asean Economic Community) ၏ တစ်ခုသော အဓိက ရည်ရွယ်ရင်းဖြင့်သည့်competitive Economic Region ဖြစ်စေရန်protection for consumers and guarantees for intellectual property rights ဖော်ဆောင်သောမူဝါဒနှင့် စီးပွါးရေးဥပဒေများသည်လိုအပ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် (General Agreement on Tariff of Trade GATT)  မှသက်ဆင်းပေါက်ဖွားလာသည့် အားလျော်စွာမြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ၏ တည်ထောင်သူနိုင်ငံအဖြစ် မှတ်ယူနိုင်ပါသည်။

တည်ထောင်သူနိုင်ငံအဖြစ် မှတ်ယူနိုင်ပါသဖြင့် ကောင်းကိုျးနှင့်ဆိုးကိုျး နှစ်ရပ်လုံးကို ခံစားရပါသည်။

ယခုကဲ့သို့ လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် မဖော်ဆောင်မှီ အုပ်ခုျပ်လျှက်ရှိသော အစိုးရအနေဖြင့်အဖွဲ့ဝင်နိုင်ငံအဖြစ်သို့ ဝင်ရောက်ရာတွင် ခေတ်ကာလနှင့် လိုက်လျော်ညီထွေရှိစေသည့် စီးပွားရေးဆိုင်ရာ ဥပဒေများအားပြင်ဆင်ခြင်း၊ပြဌာန်းခြင်းများ ပြုလုပ်ရန် မလိုဘဲ လိုအပ်သလို ဥပဒေများ ပြဌာန်းရေးဆွဲခြင်း၊ ရေးဆွဲပြီးဥပဒေများနှင့် သက်ဆိုင်သည့် နည်းဥပဒေများ ပြဌာန်းရန် နှောင့်နှေးခြင်း၊ မထုတ်ပြန်ဘဲထားခြင်း များကို ဆန္ဒရှိသလို ဆောင်ရွက်နိုင်ခဲ့ခြင်းများဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(World Trade Organization)  ၏ THE Agreement on Trade Related Aspects of Intellectual Property Rights (TRIPs) )ပါ ပြဌာန်းချက်အရ မြန်မာနိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေများ ပြဌာန်းပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နံှမှု၊ ကူးသန်းရောင်းဝယ်မှုဟူ၍ ခွဲခြား၍ မရဘဲ သာတူညီမျှသော အခွင့််အရေး (National Treatment ) ပေးအပ်ရမည်ဖြစ်ပါသည်။ 

နိုင်ငံတစ်ခု၏ မက်ခရိုစီးပွားရေး ဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးအဖြစ် ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှု အညွှန်းကိန်းများအပေါ်တွင် အဓိကတည်မှီလျှက်ရှိပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်ပြည်ပရင်းနှီးမြှပ်နံှမှုများအား တံခါးဖွင့် ဖိတ်ခေါ်ရာ၌ ကျွမ်းကျင်လုပ်သား အခွန်သက်သာခွင့် စီးပွားရေးဥပဒေများ၏ ပွင့်လင်းမြင်သာမှု နိုင်ငံရေးတည်ငြိမ်မှု အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အကာအကွယ်ပေးမှု များကို အဓိကထား ဖော်ဆောင်၍ဖိတ်ခေါ်ရန်လိုအပ်ပါသည်။

ပြည်ပရင်းနှီးမြှပ်နံှသူများအနေဖြင့် အခြားသော ဆွဲဆောင်မှုများ ပြီးပြည့်စုံစေကာမှု၎င်းတို့၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အား တိတိကျကျ ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်သည့် ဥပဒေမရှိသော နိုင်ငံတွင် ရင်းနှီးမြှပ်နံှရန်အတွက် တုံ့နှေးမည်ဖြစ်သည်ကာ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိ။

ထိုသို့နိုင်ငံတကာ ရင်းနှီးမြှပ်နံှမှုများ ဖိတ်ခေါ်ရာတွင် သမရိုးကျ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များအပြင် ( E - commerce) နှင့် စီးပွားကူးသန်းဆိုင်ရာ လိုျဝှက်ချက်(Trade Secret)ဆိုင်ရာ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန်လိုအပ်ပါသည်။

ဥပမာအားဖြင့် ကိုကာကိုလာ ကုမ္ပဏီအနေဖြင့်၎င်းတို့၏ ကိုကာကိုလာ အခိုျရည် ဖော်မြူလာအား သက်တမ်းသက်မှတ်ချက်ရှိသော တီထွင်မှု မူပိုင်ခွင့် (Patent Protection) ဖြင့် မှတ်ပုံတင်၍ မူပိုင်ခွင့်အကာအကွယ် ရယူထားခြင်းမဟုတ်ဘဲ စီးပွားကူးသန်းဆိုင်ရာ လိုျဝှက်ချက် (Trade Secret) အနေဖြင့်သာ မှတ်ပုံတင်သွင်း အကာအကွယ်ပြုထားပါသည်။ 

အကယ်၍သာ ကိုကာကိုလာ ကုမ္ပဏီအနေဖြင့်၎င်းတို့၏ ကိုကာကိုလာ အခိုျရည် ဖော်မြူလာအား သက်တမ်းသက်မှတ်ချက်ရှိသော တီထွင်မှု မူပိုင်ခွင့် (Patent Protection)  ဖြင့် မှတ်ပုံတင်၍ မူပိုင်ခွင့်အကာအကွယ် ရယူထားပါက ၁၈၈၆ ခုနှစ်ကတည်းက စတင်၍ အများပြည်သူတို့ ဖော်စပ်ရောင်းချသည့် အခိုျရည်၏ ဖော်မြူလာ အနေဖြင့် ယနေ့အချိန်တွင် အများပြည်သူနှင့် သက်ဆိုင်သော အချက်အလက် (Public Domain) အဖြစ်သို့ ရောက်ရှိလျှက် ရှိနေပြီဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ နိုင်ငံတကာရင်းနှီးမြှပ်နံှမှုများအား ဖိတ်ခေါ်ရာတွင် သမရိုးကျ ဉာဏပစ္စည်းမူပိုင်ခွင့်များအပြင် စီးပွားကူးသန်းဆိုင်ရာ လိုျဝှက်ချက် (Trade Secret)  ဆိုင်ရာ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ်လည်း အထူးလိုအပ်လျှက်ရှိပါသည်။

ထို့အပြင် ၁၉၉၁ ခုနှစ်တွင် ပင်ဆာဗေးနီးယား တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ပါမောက္ခဖြစ်သူ (Edwin Mansfield) ပြုလုပ်ခဲ့သည့် လေ့လာစမ်းစစ်ချက်အရ ကုန်စည်ရောင်းဝယ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် အရေးပါသော အခန်းကဏ္ဍအဖြစ် အကုံျးမဝင်ဟုဆိုသော်ငြားရင်းနှီးမြှပ်နံှမှုနှင့် သုသေသနဆိုင်ရာ လုပ်ငန်းရပ်များတွင် လွန်စွာအရေးပါကြောင်း ဖော်ထုတ် လေ့လာရရှိပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံခြားရင်းနှီးမြှပ်နံှမှုများအား ဖိတ်ခေါ်ဆွဲဆောင်ရာ၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အား တိကျ၍ ထိရောက်စွာ ဥပဒေ နှင့်အညီအကာအကွယ်ပေးရန် အထူးလိုအပ်ကြောင်း လေ့လာသုံးသပ်ရပါသည်။


By: 

Minn Tayzar Nyunt Tin

Biz Law Consult Myanmar






နိဂုံး

ဉာဏပစ္စည်းမုူပိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတန်း အပိုဒ်(၂၇)အရ လူသားတစ်ဦးချင်းစီ၏ မူလအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။




ဉာဏပစ္စည်းမုူပိုင်ခွင့်အား တိတိကျကျ ဥပဒေပြဌာန်းကာကွယ်ပေးခြင်းဖြင့် လူတစ်ဦးချင်းစီ၏ တီထွင်ဖန်တီးလိုစိတ်များ လုပ်ငန်းတစ်ခုချင်းစီ၏ သုသေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား အားပေးအထောက်ကူ ပြုသည့်အတွက် ခေတ်နှင့် လျော်ညီသည့် ဉာဏပစ္စည်းမုူပိုင်ခွင့် ဥပဒေများအား အချိန်မှီ ပြဌာန်း အတည်ပြုရာ လိုအပ်ပေသည်။




သို့မှသာ ပြည်ပရင်းနှီးမြှပ်နံှမှုများအနေဖြင့် ၎င်းတို့၏နည်းပညာ အခြေခံ ကုန်ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှပ်နံှမှုများ မြန်မာနိုင်ငံအတွင်းသို့


ကြောင့်ကျမဲ့စွာဝင်ရောက်ရင်းနှီးမြှပ်နံှ နိုင်မည်ဖြစ်သကဲ့သို့ ပြည်တွင်းမှ တီထွင်ဖန်တီးလိုသူများအနေဖြင့်လည်း ဥပဒေပါအကာအကွယ်အရ ရရှိလာမည့် တီထွင်ဖန်တီးမှုများအား အခြားသော နိုင်ငံတကာ လုပ်ငန်းအသီးသီးသို့ ရောင်းချခြင်း လိုင်စင်ချထားအသုံးပြုခွင့်ပေးခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။




သို့ဖြစ်ပါ၍ ဉာဏပစ္စည်း မူပိုင်ခွင့်အား ဥပဒေနှင့်အညီအကာအကွယ်ပြုခြင်းသည် နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အထူးအရေးပါသောကဏ္ဍမှ ပါဝင်လျှက်ရှိပါသဖြင့်




မြန်မာနိုင်ငံ၏ ပထမဦးဆုံး အာဆီယံ ဒေသတွင်းနိုင်ငံများ၏ နောက်ဆုံး ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအမြန်ဆုံး ပြဌာန်း အကောင်အထည် ဖော်ရန် လိုအပ်ပါကြောင်း နိဂုံးခုျပ်အနေဖြင့် သုံးသပ်သိရှိရပါသည်။






Comments