အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အမေး(၁၀၀)

 မေး ခွန်း အ မှတ် (၈ ) မှ (၁၄)









(၈) ကုန် အ မှတ် တံ ဆိပ် ဘယ် နှစ် မျိုး ရှိ ပါ သ လဲ
  • ကုန် အ မှတ် တံ ဆိပ် (Trademark)
  • ဝန် ဆောင် မှူ့ အ မှတ် တံ ဆိပ် (Service Mark)
  • စုပေါင်းပိုင် အ မှတ် တံ ဆိပ် (Collective Mark)
  • အ သိ အ မှတ် ပြူ  အ မှတ် တံ ဆိပ် (Certification Mark)
  • ကျော် ကြား  အ မှတ် တံ ဆိပ် (Well known Mark)
  • သာ မန် ရိုး ကျ မ ဟုတ် သော  အ မှတ် တံ ဆိပ် (Non-Conventional Mark)များ ဖြစ် ပါတယ် 

(၉) ကုန် အ မှတ် တံ ဆိပ် (Trademark)ဆို တာ ဘာ လဲ
ကုန်သွယ်မှူ့လုပ်တဲ ကုန် ပစ္စည်း တစ်ခုရဲ့  အမျိုးတူတွေကြားမယ် သိသာကွဲပြားစေတဲ့ အမှတ်တံဆိပ်တစ်ခုပါဘဲ

(၁၀) ဝန် ဆောင် မှူ့ အ မှတ် တံ ဆိပ် (Service Mark) ဆို တာ ဘာ လဲ

ကုန် စည် နဲ့ မ သက် ဆိုင် တဲ့ ဝန် ဆောင် မှူ့ များ နဲ့ ဆိုင် တဲ့ အ မှတ် တံ ဆိပ် များ ဖြစ် ပါ တယ်

ဥ ပ မာ။ 

  • MNA,MAI လေ ကြောင်း အ မှတ် တံ ဆိပ်  
  • Sedona Hotel အ မှတ် တံ ဆိပ်

(၁၁) စုပေါင်းပိုင် အ မှတ် တံ ဆိပ် (Collective Mark) ဆို တာ ဘာ လဲ

အ သင်း အ ဖွဲ့ ပါ တီ စ တဲ့ အ ဖွဲ့ အ စည်း (သို့) အ စု အ ဖွဲ့ အ မှတ် တံ ဆိပ် များ ဖြစ် ပါ တယ်

ဥ ပ မာ။ 

  • နိုင်ငံရေး ပါ တီအ မှတ် တံ ဆိပ်
  • မြန်မာ နိုင် ငံ ကြက် ခြေ နီ အ သင်း အ မှတ် တံ ဆိပ်
  • နာ ရေး ကူ ညီ မှူ့ အ သင်း အ မှတ် တံ ဆိပ် 
  • မြို့ မ အ ဖွဲ့အ မှတ် တံ ဆိပ်
  • မြန်မာ နိုင် ငံ ရုပ် ရှင် အ စည်း အ ရုံး  အ မှတ် တံ ဆိပ်  

ဒီ အ မှတ် တံ ဆိပ် များ ဟာ တစ် ဦး တစ် ယောက် ပိုင် မ ဟုတ် ဖူး အ သင်း ဝင် အား လုံး ပိုင် ဖြစ် ပါ တယ်

(၁၂)  အ သိ အ မှတ် ပြူ  အ မှတ် တံ ဆိပ် (Certification Mark)ဆို တာ ဘာ လဲ

မိမိ ထုတ် ကုန် မိမိ ဝန် ဆောင် မှူ့ ကို နိုင် ငံ တ ကာ အ သိ အမှတ် ပြူ အ ဖွဲ့ အ စည်း တစ် ခု ကအ ရည် အ သွေး စိ စစ် ထောက် ခံ ကြောင်း ထုတ် လုပ် မှူ့ စ နစ် စိ စစ် ထောက် ခံ ကြောင်းအ သိ အ မှတ် ပြူ ခြင်း အ မှတ် တံ ဆိပ် ဖြစ် ပါ တယ်။

ဥ ပ မာ။ 

  • ထုတ် ကုန်ပစ္စည်း များ အ တွတ် SGS အ မှတ် တံ ဆိပ် 
  • လျှပ် စစ် နဲ့ ကွန် ပြူ တာ ပစ္စည်း များ အ တွတ် UE အ မှတ် တံ ဆိပ်
  • စီ မံ ခန့် ခွဲ မှူ့ ကုန် ထုတ် လုပ် မှူ့ စ နစ် များ အ တွတ် HACCP, GMP နဲ့  ISO အ မှတ် တံ ဆိပ် 
  • ဒီ အ မှတ် တံ ဆိပ် များ အ သုံး ပြူ ခွင့် ရ ဖို့ သက် ဆိုင် ရာ အ ဖွဲ့ အ စည်း ကိုနှစ် စဉ် သတ် မှတ် အ ခ ကြေး ငွေ ကို ပေး ရ ပါ တယ်။

(၁၃)ကျော် ကြား  အ မှတ် တံ ဆိပ် (Well known Mark) ဆို တာ ဘာ လဲ

နိုင် ငံ တ ကာ မှာ လူ သိ များ ကြော် ကြား တဲ့ အ မှတ် တံ ဆိပ် များ ဖြစ် ပါ တယ်

မိ မိ ဖာ သာထင် ရှား ကျော် ကြား  အ မှတ် တံ ဆိပ် အ ဖြစ် သတ် မှတ် လို့ မ ရ ပါ ဖူး

စား သုံး သူ အ များ က သတ် မှတ် ခြင်းထုတ် လုပ် သူ ဝန် ဆောင် မှူ့ ပေး သူ က Intellectual Property Rights  အ ပေါ် စနစ် တ ကျ အသုံး ပြူ ပြီး အ မှတ် တံ ဆိပ် တည် ဆောတ် ထား ခြင်းမိမိ အ မှတ် တန် ဆိပ် အား တု ပ ခြင်း မှ ကာ ကွယ် ခြင်း များ အ ခြေ ခံ ပြီး သတ် မှတ် တတ် ပါ တယ်

ဥ ပ မာ။ 

  • Coca Cola အ မှတ် တံ ဆိပ်  
  • IBM အ မှတ် တံ ဆိပ်   
  • Lacoste အ မှတ် တံ ဆိပ် 

(၁၄) သာ မန် ရိုး ကျ မ ဟုတ် သော  အ မှတ် တံ ဆိပ် (Non-Conventional Mark)

စော စော က ပြော ခဲ့ တဲ့ အ မှတ် တံ ဆိပ် များ မ ဟုတ် တဲ့ အ မှတ် တံ ဆိပ် များ ဖြစ်တယ် လို့ ယေဘူယျ ပြော လို့ ရ ပါ တယ်ဒီ အ မှတ် တံ ဆိပ် အ စု အ ဖွဲ့ မှာ အ နံ့ အ မှတ် တံ ဆိပ် အ သံအ မှတ် တံ ဆိပ်  အ ရောင် အ မှတ် တံ ဆိပ် ထုတ် ကုန် ရဲ့ ပုံ ပန်း အ မှတ် တံ ဆိပ် များ ပါ ပါ တယ်

ဥ ပ မာ။  

  • Chanel No. 5  ရေ မွှေး ၏ အ နံ့ အ မှတ် တံ ဆိပ်
  •  Harley-Davidson ဆိုင် ကယ် ရဲ့ အ သံ အ မှတ် တံ ဆိပ်
  •  Shell ဓာတ် ဆီ ဆိုင် ရဲ့ အ ဝါ ရောင် အ ရောင်အ မှတ် တံ ဆိပ် 


 

Comments