ကုန်အမှတ်တံဆိပ် ပြန်မှတ်ပုံတင်တာရယ် ကိုမြင့်နိုင်ကြီးရယ် ကျနော်တို့ရယ်

ကုန်အမှတ်တံဆိပ် ပြန်မှတ်ပုံတင်တာရယ် ကိုမြင့်နိုင်ကြီးရယ် ကျနော်တို့ရယ် 

ကုန်အမှတ်တံဆိပ်တွေပြန်မှတ်ပုံတင်တယ်ဝန်ဆောင်ခက တစ်ခုကို ၆၇၅၀၀ကျပ်ယူပါတယ်

အဲ့ထဲက မှ ၇၅၀၀ ကျပ် Covid အတွက်လူပါတယ် ဆိုတော့ ၆၀၀၀၀ ကျပ်ကျန်ပါတယ်

ပြနိလည်မှတ်ပုံတင်တာပြီးရင်ကုန်အမှတ်တံဆိပ်စစ်ဆေးရေးမှူးတွေက စိစစ်ပါလိမ့်မယ်

အဲ့အခါBiz Law Consult Myanmar ကတင်ပေးထားတာတွေက ကနဦးကတည်းက၂၀၁၉ ကုန်အမှတ်တံဆိပ်

မူပိုင်ခွင့်ဥပဒေ ပုဒမ (၁၃)နဲ့ကိုက်အောင် လုပ်ထားပေးတော့ ပြသနာသိပ်မရှိနိုင်ပါဘူး

ဒါပေမဲ့ အချို့သောအမှတ်တံဆိပ်

(အမှန်က ၅၀%) နီးပါက သမရိုးကျပုံစံနဲ့ စာချုပ်ရုံးတွေမှာမှတ်ပုံတင်ထားကြတာရယ်

အမိန့် ၆၃/၂၀၂၀ အရ အရင်ကမှတ်ပုံတင်ထားတာတွေ မှတ်ပုံမတင်ထားပေမဲ့

ဈေးကွက်ထဲမယ် အသုံးပြုနေကြတဲ့အမှတ်တံဆိပ်တွေဟာ ပြန်မှတ်ပုံတဲ့အခါအသွင်တူရမယ်ဆိုရယ်ရှိသလို

လက်ရှိကြုံတွေ့ရတာက အဲ့ အမှတ်တံဆိပ်တွေဟာ International Classification မပါတာရယ်ကြောင့်

အပြည်အပြည်ဆိုင်ရာ အမှတ်တံဆိပ်အဆင့်သတ်မှတ်ချက် မှန်ဖို့လုပ်ရတာရယ်ကအတော်ခေါင်းခြောက်စရာပါ

လက်ဝင်ပါတယ်

အမှားအယွင်းမခံပါဘူး

နောင်အချိန်မယ် ဥပဒေနဲ့အညီ ပြင်ဆင်ရမယ်ဆို ပြင်ရဆင်ရမှာရယ်

ကန့်ကွက်တာတွေရှိလာရင် ဖြေရှင်းရမှာတွေက ပေါ်လာဦးပါမယ်

အဲ့ဒါတွေမပေါ်လာဘူး အားလုံးချောမွေ့နေမယ်ဆိုတောင်

ကုန်အမှတ်တံဆိပ်ဥပဒေအရ ဆောင်ရွက်ရမှာတွေရဲ့ အချိန်ဇယားတွေထည့်ပေါင်းရင်

မှတ်ပုံတက်ကဒ်ပြားထွက်လာဖို့က

အောက်တိုဘာလ (၁)ရက်နေ့ (+) အခံအားဖြင့် ခန့်မှန်းတာ (၁၂) လကြာနိုင်ပါတယ်

ဒါကြောင့်

အစကနေ အဆုံးတာဝန်ခံရတော့ယူထားတဲ့ ဝန်ဆောင်ခ ထဲက ကျန်ငွေ

၆၀၀၀၀ကျပ် / (၁၂) လဆိုလေတော့

အမှတ်တံဆိပ်တစ်ခုပြန်ပြီးမှတ်ပုံတင်ဖို့အတွက်က (၁) လ မှ (၅၀၀) ကျပ်ဘဲ အဖြေထွက်ပါတယ်။

နောက်ပြီး ဥပဒေအညီ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းအနေနဲ့ ကိုယ်စားပြုဆောင်ရွက်တာဆိုတော့

ဒီလူမရှိလဲ နောက်လူကတာဝန်ကို ဆက်ခံလွှဲပြောင်းယူရပါတယ်

မှတ်ပုံတင်အမှတ်တံဆိပ်ပိုင်ရှင်က ၆၇၅၀၀ ကျပ် ကျနော်တို့ကိုပေးရပြီး

ပြင်ရတာမရှိ ကန့်ကွက်တာမရှိရင် မှတ်ပုံတင်ခမပါ ကုန်ကျစာရိတ်က အမှတ်တံဆိပ်တစ်ခုရဲ့

မှတ်ပုံတင်သက်တမ်းက(၁၀) နှစ်ဆိုတော့

၆၇၅၀၀/ ၁၀နှစ် လို့တွက်ရပါမယ်

ကိုဗစ်ကာလက ဘယ်လောက်ကြာဦးမယ်

တွက်မရတော့

အတော်ခေါင်းပူစရာပါဘဲ





Like
Comment
Share

Comments