မြန်မာ့ ကုန်အမှတ်တံဆိပ်ပိုင်ရှင်တွေကမေးကြတယ် Renewal လား ??? Re-Filling လား ???

 မြန်မာ့ ကုန်အမှတ်တံဆိပ်ပိုင်ရှင်တွေကမေးကြတယ် Renewal လား ??? Re-Filling လား ???


💯💯ရာနှုန်း ပြည့် Re-Filling လို့ဘဲမှတ်ယူထားပါ Re-Filling လို့ဘဲ အတိုဆုံး ဖြေပါရစေ

❓❓ ဘာလို့ ပြန်လည်မှတ်ပုံတင်ခြင်း (Re-File) လို့ ဆိုချင်တာလဲ?

➤ အရင်စာချုပ်စာတမ်းရုံးတွေမှာ မှတ်ပုံတင်တဲ့အခါ

👉 ယခင်က ဆင်တူရိုးမှား ရှိ/မရှိ စိစစ်ခြင်း 🔍🔍
👉 ယခင် ကနဦး မှတ်ပုံတင်သွင်းသူက
👉 ကန့်ကွက်ခြင်းများကို ဆောင်ရွက်နိုင်ခြင်း မရှိပါ

✅ ဒီအတွက် မိမိမှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ဟာ ကနဦး အနေဖြင့် တစ်ဦးတစ်ယောက်က စာချုပ်စာတမ်းမှတ်ပုံတင်လို့ရတဲ့ ရုံးများမှာ မှတ်ပုံတင်ထားပြီး ရှိနိုင်ပါတယ်။ 👀 👀

ထို့အတူ မိမိ မှတ်ပုံတင်ပြီးတဲ့ နောက်မှာလဲ အခြားသူ တစ်ဦးတစ်ယောက်က မှတ်ပုံတင်သွင်းလာတာတွေ ရှိနိုင်ပါတယ် 👀 👀

🚩 ဒါကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာ မှတ်ပုံတင်ထားတာတွေဟာ အဆိုပါ အမှတ်တံဆိပ်တွေရဲ့ မူပိုင်ခွင့် အတွက် အပြီးသတ်ပြည့်စုံတဲ့ သက်သေခံချက်တွေ မဖြစ်ပါဘူး။🔐🔐

🚩 နောက်တစ်ချက်က စာချုပ်စာတမ်းရုံးတွေမှာ မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်တွေကို

📐တိတိကျကျ အနေနဲ့
👉မှတ်ပုံတင်ခွင့်မရှိတာက ဘာတွေ
👉မှတ်ပုံတင်ခွင့်ရှိတာက ဘာတွေ
👉မှတ်ပုံတင်ခွင့်ရှိသည်ကမှ ဘယ်လိုတွေ ပါဝင်ရမည်
ဖော်ပြရမည်ဆိုပြီး တိကျတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး

💣ဒါကြောင့် နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မဟုတ်ဘူး။

👌ဆိုတော့ (၂၀၁၉) ခုနှစ် မြန်မာနိုင်ငံကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၉၄ (က) ပါ ပြဌာန်းချက်အရ
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို (၂၀၁၉) မြန်မာနိုင်ငံကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပါပြဌာန်းချက်တွေနဲ့အညီ မှတ်ပုံတင်လျှောက်ထားရပါမည်။

ဒီအခါ (၂၀၁၉) ခုနှစ် မြန်မာနိုင်ငံကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ
📃အခန်း(၇)
မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်များဆိုင်ရာ ပြဌာန်းချက်၊
📃အခန်း (၈)
လျှောက်ထားခြင်းဆိုင်ရာ ပြဌာန်းချက်အပါအဝင်
📃အခန်း (၉)
စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များအတိုင်းပြန်လည် မှတ်ပုံတင်ခြင်း (Re-Filing) လုပ်ရမှာ ဖြစ်ပါတယ်။
📌ပြီးတဲ့အခါ (၂၀၁၉) ခုနှစ် မြန်မာနိုင်ငံကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အရ မှတ်ပုံတင်ခြင်းပြီးမြောက်အောင်မြင်ရင်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်သက်တမ်းက(၁၀) နှစ်ရမယ်
🎯 (၁၀) နှစ် ပြည့်ပြီးတိုင်းနောက် (၁၀) နှစ် သက်တမ်းတွေအတွက် သက်တမ်းတိုးလို့ရမယ်
🎯အသေးစိတ်သိလိုတာရှိက Biz Law Consult Myanmar သို့အောက်ပါအတိုင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်-
📆 တနင်္လာနေ့မှသောကြာနေ့
မနက် ၁၀နာရီမှညနေ ၄နာရီကြား (ရုံးချိန်အတွင်း)
📞09 456 78 1116
📞 09 663 663 667 သို့ဆက်သွယ်ပေးပါရန်