အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် မက်ခရိုစီးပွားရေး ဖွံ့ဖြိုးရေး (၁)



၂ဝ၁ဝခုနှစ်၌ မြန်မာနိုင်ငံတွင် မျှော်လင့်မထားသော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကြောင့် ပြည်ပရင်းနှီးမြှပ်နံှမူှုများအတွက် အာဆီယံဒေသအတွင်း ဈေးကွက်နယ်ပယ်သစ်အဖြစ် နိုင်ငံတကာ ကုမ္ပဏီများ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

ထိုအတူ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ်  ယခင်ထားရှိခဲ့သည့် နိုင်ငံခြားရေး မူဝါဒ ပျော့ပြောင်းလာမှုများကြောင့် အမေရိကန် ရင်းနှီးမြှပ်နံှသူများနှင့် ဥရောပ သမဂ္ဂမှမြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့ပေးခြင်း၊ အထူးအကောက်ခွန် နှုန်းထားများ ခံစားခွင့် ပေးခြင်းများကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းအသီး သီးအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နံှရန်အတွက် အထူးစိတ်ဝင်စားကြပါသည်။

ထိုသို့စိတ်ဝင်စားခြင်းများနှင့်အတူ ရင်းနှီးမြှပ်နံှမည့်လုပ်ငန်းအသီးသီးအနေဖြင့် ၎င်းတို့၏ အသိဉာဏ်ပစ္စည်းမူ ပိုင်ခွင့်အား အကာအကွယ်ပေးမှုနည်းပါးသည့်မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နံှရန်အတွက် စိုးရိမ်ပူပန်မှု များလည်း ရှိကြပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိသိသျှကိုလိုနီနိုင်ငံဖြစ်ခဲ့သည့် အားလျော်စွာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ၇၅% သည် ကိုလိုနီခေတ်ကတည်းက ပြဌာန်းခဲ့သော အင်္ဂလိပ်ရိုးရာဥပဒေစနစ်အတိုင်း ပြဌာန်း၍ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိပါသည်။

သို့ဖြစ်၍ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပြဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ဥပဒေအရပ်ရပ်သည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဥပဒေများဖြစ်သည်ဟုမှတ်ယူနိုင်၍ ၁၉၆၂ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ပြဌာန်းခဲ့သော ဥပဒေအရပ်ရပ်သည် နိုင်ငံသူနိုင်ငံသားများအကိုျးအား ကာကွယ်စောက်ရှောက်ခြင်း နိုင်ငံတကာ ဥပဒေများနှင့် လိုက်လျော်ညီထွေဖြစ်စေခြင်းတို့မှ သွေဖီလျှက် ရှိသည်ကို တွေ့မြင့်သုံးသပ်နိုင်ပါသည်။

သို့ဖြစ်၍ ၂ဝ၁ဝ ခုနှစ်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲခြင်းများနှင့် အတူ ပွင့်လင်းလာသည့် စီးပွားရေး အခွင့် အလမ်းများအား အခြေခံလျှက် နိုင်ငံတကာ ရင်းနှီးမြှပ်နံှမှုများအား ဖိတ်ခေါ်ရာ၌ လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးလျှက်ရှိသော စီးပွားရေးဆိုင်ရာ ဥပဒေများနှင့် မြန်မာနိုင်ငံ၏ တည်ဆဲစီးပွားရေး ဥပဒေများနှင့် corporate commercial တို့နှင့် သက်ဆိုင်သည့် စီရင်ထုံးအရပ်ရပ်သည်လည်း ခေတ်နှင့် လျော်ညီ မရှိတော့သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

ယင်းသို့ ခေတ်နှင့် လျော်ညီမှုမရှိသော ဥပဒေများအနက် လက်ရှိ အသိဉာဏ်အခြေပြု စီးပွားရေးစနစ် (Intellectual/Knowledge based Economy) စနစ်တွင်  အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ဥပဒေမျာသည်းလွန်စွာမှ အရေးပါပါသည်။


By:

Minn Tayzar Nyunt Tin



Comments