ဉာဏပစ္စည်း နှင့် အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများ (၁) Intellectual Property and SMEs (1)


Intellectual property near by you

သင့်အနီးအနားက ဉာဏပစ္စည်းများ

ဉာဏပစ္စည်းဆိုတာအမှန်အားဖြင့် မိမိတို့ အနီးနားတွင်သာရှိကျတာဖြစ်ပါတယ်

ဒါပေမဲ့ဉာဏပစ္စည်း လို့ မမြင်မိကြပဲ မိမိနှင့်တကွလူအများ နေ့စဉ်သုံးနေကျ

ပစ္စည်းများအဖြစ်သာ မြင်တွေ့သုံးစွဲနေကျတာဖြစ်ပါတယ်။

၎င်းလက်ရှိ နေ့စဉ်သုံးနေကျပစ္စည်းများဟာ စတင်တီထွင်စဉ်ကနှင့်မတူ

 ခေတ်ကာလ လိုအပ်ချက် ဈေးကွက်၊စားသုံးသူ သုံးစွဲသူတို့ရဲ့လိုအပ် ချက်တွေကြောင့် 

ဒီဇိုင်း၊ စွမ်းရည်၊ပုံသဏ္ဏာန် စတာတွေပြောင်းလဲ ပြုပြင်ထုတ်လုပ်တယ်၊

ဒီလိုပြောင်းလည်ထုတ်လုပ်နိုင်ဖို့ လူသာတို့ရဲ့ဉာဏစွမ်းအားကိုအသုံးပြုရတာဖြစ်လို့ 

ဉာဏပစ္စည်းတွေဖြစ်ကျပါတယ်။

၎င်းပစ္စည်း တွေဟာ ဉာဏပစ္စည်းစုစည်းမှူ့ တစ်ခု

(Mixture of Intellectual/cocktail of Intellectual property)အဖြစ်မြင်နိုင်ပါတယ်၊

ဥပမာအားဖြင့်

လက်ရှိ သုံးစွဲနေတဲ့ ဘောပင်လေးတစ်ချောင်း ကိုလက်တွေ့

စဉ်းစားကြည့်ကျရအောင်

ဘောပင်လေးတွေ ဒီနေ့ အသုံးတွင်ကျယ်ဖို့ Ladislao Biro ဆိုသူက

 တီထွင်ခဲ့ပါတယ် သူတီထွင်မှူ့မှတ်တမ်းကိုဒီမှာ လေ့လာနိုင်ပါတယ်၊

http://en.wikipedia.org/wiki/L%C3%A1szl%C3%B3_B%C3%ADr%C3%B3

ကနဦးတီထွင်သူ Ladislao Biro ကဲ့သို့ဘဲ ၎င်းဘောပင်လေးတွေ ပိုကောင်းလာဖို့

ပိုပြီးအသုံးရအဆင်ပြေဖို့ တခြားသူများကဆင့်ကဲတီထွင်ကျရပြန်ပါတယ်။

တီထွင်မှူ့တွေဖြစ်ဖို့ တီထွင်သူတွေမှာ အချိန်၊ငွေကြေး စတာတွေရင်းနှီးရတယ်ဒါ့ကြောင့်

၎င်းအရင်းအနှီးများအတွက် သူတို့ကို တီထွင်မှူ့မူပိုင်ခွင့်(Intellectual Property Rights)

တွေပေးပြီး သူတို့ရဲ့ လူမှူ့စီးပွါးရေးအတွက် အကာအကွယ်ကိုဥပဒေ 

(Intellectual Property Rights Protection law)နဲ့ပေးရပြန်တယ်။

ဒီလိုမှ ဥပဒေနဲ့ အကာအကွယ်ကိုမပေးထားရင် တီထွင်ထားသူတွေရဲ့ အရင်းအနှီးများဟာ

အဟောသိကန် ဖြစ်သွားမှာဖြစ်ပြီး နောင်မှာတီထွင်လိုစိတ်တွေမရှိတော့မှာဖြစ်ပါတယ်။

ဒါဆို လူ့အဖွဲ့အစည်းအတွက်အကျိုးမဖြစ်သလို နိုင်ငံရဲ့စီးပွါးရေးပါ ထိခိုက်လာမှာ

မလွဲဧကန်ဖြစ်မှာပါ။

ဒါကတီထွင်မှူ့နဲ့ပါတ်သက်တာပေါ့၊

ကျွန်တော်တို့ ဘောပင်လေးဆီ ပြန်သွားကျရအောင် ဘောပင်လေးတွေ များစွာရှိတဲ့အထဲကမှ 

သင်ဟာဘယ်အမှတ်တံဆိပ် (Trademark/brand)မျိုး ကိုရွေးချယ်မယ်ဆိုတာက လည်း 

ဉာဏပစ္စည်းနဲ့ဆိုင်လာပြန်ရော

အကယ်၍များသင်ဟာ စူပါသဌေးကြီးဖြစ်ရက်နဲ့ တခါသုံး ဘောပင်လေးနဲ့ဆို

အမြင်မတော်ဆင်တော်နှင့် ခလောက်ဖြစ်ဦးမယ်

သင့်အသုံးအဆောင်ရဲ့ ကုန်အမှတ်တံဆိပ်(Trademark/brand)ဟာ 

သင့်ရဲ့လူမှူ့အဆင့်အတန်းကိုဖော်ပြတတ်တယ်မဟုတ်လား

သင်နဲ့လိုက်ဖက်မဲ့ သင်လိုအပ်တဲ့ အရည်အသွေး စွမ်းဆောင်ရည်တွေပေးမဲ့

 တံဆိပ်ကိုသင်ရွေးရမှာပေါ့

ဒီအပေါ်မှာမူတည်ပြီး ဈေးနှုန်းအမျိုးမျိုးကကွဲပြားသွားမှာဖြစ်ပါတယ်။

ဒီအခါ ဘယ်တံဆိပ်ရွေးမယ် ဆိုတဲ့မေးခွန်းက ဉာဏပစ္စည်းနဲ့ဆိုင်လာပြန်ရော

ဒီလို ကိုယ်နဲ့လိုက်ဖက်မဲ့တံဆိပ်ရွေးသုံးလိုသော်ငြှား ငွေကျေးကမတတ်နိုင် 

အစစ်အမှန်ကလဲဝယ်ကရရင်ဘာလုပ်ကြမလည်း ?

ဆင်တူရိုးမှား တုပ တံဆိပ်တွေသာ ဝယ်သုံးရမှာပေါ့

ဆင်တူရိုးမှား တုပ တံဆိပ်တွေရဲ့ ဈေးနှုန်းဟာ မူရင်းရဲ့ ၃၅% မျှသာရှိပေမဲ့

အရည်အသွေးဟာ မူရင်းကိုဘယ်လို့မှ မမှီနိုင်ဖူး၊

ဒါပေမဲ့ ဆင်တူရိုးမှား တုပ တံဆိပ်တွေကို သုံးစွဲကြတာကြောင့် 

မူရင်း ကုန်အမှတ်တံဆိပ်ပိုင်ရှင် တွေအတွက် ခေါင်းခဲရတယ်

ဒီတော့ ဥပဒေအရ အရေးယူရပြန်ရော ဒါဟာလဲ ဉာဏပစ္စည်းနဲ့ဆိုင်လာပြန်ရော

ဒါကြောင့် ဉာဏပစ္စည်းတွေဟာမိမိတို့နဲ့ နေ့စဉ်ထိတွေ့ရပေမဲ့ ဉာဏပစ္စည်းလို့ 

မသတ်မှတ်မိသာ သာရှိကြောင်းပါ။

ဉာဏပစ္စည်း နှင့် အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများ ကို အခန်းဆက်

အနေနဲ့ရေးဖို့စိတ်ကူးထားပါတယ်

စိတ်ဝင်စားမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့

ကိုယ့်အနားက ကိုယ်သုံးနေကြ ပစ္စည်းတွေကိုပြန်ပြီး

ဘယ်ဟာက တော့ တီထွင်မှူ့မူပိုင်ခွင့် (Patent)

ဘယ်ဟာက ဖြင့် ကုန်အမှတ်တံဆိပ် (Trademark/Brand)\

ဘယ်ဟာက ဖြင့် ဝန်ဆောင်မှူ့အမှတ်တံဆိပ် (Service mark)

ဘယ်ဟာက ဖြင့် အသိအမှတ်ပြုအမှတ်တံဆိပ် (certification mark)ဆိုတာများခွဲပြီး 

comment မှာပါဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်။

နောက်ထပ်ဖော်ပြမဲ့ အကြောင်းဉာဏပစ္စည်းများနှင့် 

အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများ ဆက်စပ်မှူ့ 

(Relationship between IP and SMEs)

Min Tayza Nyunt Tin
Myanmar Expert
Eu South East Asia
IPR SME Help-desk

Comments